ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အရက်စတိုးဆိုင်ဝန်ထမ်းကို ကျားသစ်ဝင်ကိုက်
အရက်စတိုးဆိုင်ဝန်ထမ်းကို ကျားသစ်ဝင်ကိုက်
ရေးသားခဲ့သည်။
အိန္ဒိယအနောက်မြောက်ပိုင်း ရာဂျာစတန်ပြည်နယ်က အရက်ပုလင်းတွေရောင်းတဲ့ စတိုးဆိုင်တစ်ခုထဲကို ကျားသစ်တစ်ကောင်ဝင်လာပြီး အရောင်းစာရေးကို ကိုက်ဖို့ကြိုးစားတာ တွေ့ရမှာပါ။ ကျားသစ်ဟာ အစောပိုင်းမှာ ဆိုင်ထဲက သန့်ရှင်းရေးဝန်ထမ်းကိုလည်း ကိုက်ခဲ့ပါသေးတယ်။ ကျားသစ်က ကောင်တာအောက် ဝင်နေချိန်မှာ ဆိုင်က အလုပ်သမားတွေ အပြင်ကို ထွက်ပြေးနိုင်ခဲ့ပါတယ်။ သစ်တောဘက်ကလူတွေ ကျားသစ်ကို မေ့ဆေးနဲ့ပစ်ဖမ်းပြီး ခေါ်ထုတ်သွားလို့ နောက်တော့ တောထဲပြန်လွှတ်ပေးလိုက်ကြပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #ကျားသစ် #အိန္ဒိယ