ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗြိတိန်က ကျွန်းလုံးပတ်လည် ကမ်းခြေလျှောက်လမ်း
ပင်လယ်လေလို လေကောင်းလေသန့်လေး ရှူပြီး အချိန်ကြာကြာလေး လမ်းလျှောက်ဖို့ များ စိတ်ဝင်စားပါသလား။ မကြာသေးခင်ကပဲ အင်္ဂလန်ရဲ့ ကမ်းရိုးတန်း တလျှောက် ပတ်ထားတဲ့ မိုင် ၂၇၀၀ လောက်ရှည်တဲ့ တတိယမြောက် ချားလ်စ်ဘုရင်ကို ဂုဏ်ပြုမည့်ခေါ်ထားတဲ့ လမ်းပိုင်းကို ဘုရင်ကြီး ကိုယ်တိုင်က ဖွင့်လှစ်ပေးလိုက်ပါပြီ။ အဲဒီ အင်္ဂလန်ရဲ့ လမ်းပိုင်းတွေနဲ့ စကော့တလန်နဲ့ ဝေလနယ်က လမ်းပိုင်းတွေကိုပါ ချိတ်ဆက်ပေးထားနိုင်ပြီ ဖြစ်တာကြောင့် ဗြိတိန်ကျွန်းကို ပတ်ပြီး လမ်းလျှောက်နိုင်ကြပါပြီ။ တကယ် လျှောက်ရင် မိုင် ၉၀၀၀ ဝန်းကျင် လျှောက်ရမှာ ဖြစ်ပြီး အချိန်အားဖြင့် ၂ နှစ်လောက် ကြာမယ်လို့ ဆိုပါတယ်။ ဘီဘီစီရဲ့ ရာသီဥတု ရေးရာ အယ်ဒီတာ ဂျပ်စတင် ရိုးလက်ရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြမှာပါ။