ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ချင်းတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေ နည်းလာ
ချင်းတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေ နည်းလာ
ရေးသားခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ချင်းပြည်နယ်ထဲက မြို့နယ်များစုကို ချင်းတော်လှန်ရေး အင်အားစုတွေဘက် ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ တော်တော်များများကို စစ်တပ်ဘက်က ပြန်လည်သိမ်းပိုက်တာတွေ ရှိလာနေပါတယ်။ ပြီးခဲ့ရက်ပိုင်းကထပ်တိုးလိုက်တဲ့ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်တဲ့မြို့တွေထဲမှာ ချင်းပြည်နယ် မြောက်ပိုင်းက တွန်းဇံနဲ့ ဖလမ်းမြို့တွေမပါဝင်တော့ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ချင်းပြည်နယ်မှာ ချင်းအမျိုးသားတပ်ဦး CNA/CNF ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေတွေနည်းလာတယ်လို့ ချင်းဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း ကိုမြင့်လွင်က ပြောပြပေးပါမယ်။