ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဆီယံ စေ့စပ်ညှိနှိုင်းပေးမှု SCEF သတိပေး
အာဆီယံ စေ့စပ်ညှိနှိုင်းပေးမှု SCEF သတိပေး
ရေးသားခဲ့သည်။
မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံ ဖြစ်တဲ့ ဖိလစ်ပိုင်ဘက်က မြန်မာနိုင်ငံက လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီးနောက်မှာ နိုင်ငံရေး စေ့စပ် ညှိနှိုင်းမှုတွေ စတင်ဖို့ အခြေအနေ မရောက်သေးဘူးလို့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF က ထုတ်ပြန်ပါတယ်။ နိုင်ငံတကာရဲ့ ကြားဝင် စေ့စပ် ညှိနှိုင်းပေးမှုတွေက အရေးကြီးပေမဲ့လည်း ပြင်ပကနေ တွန်းအားပေးတာမျိုး ဒါမှမဟုတ် ရလဒ်တွေကို ကြိုတင် သတ်မှတ်တာမျိုးလည်း မလုပ်သင့်ဘူးလို့လည်း ပြောဆိုထားပါတယ်။ ဒီအကြောင်း မဇာဏီထွဏ်းက ပြောပြပေးမှာပါ။