ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောမီးတွေကြား ဖြတ်မောင်းရတဲ့ရထား
တောမီးတွေကြား ဖြတ်မောင်းရတဲ့ရထား
ရေးသားခဲ့သည်။
ဇူလိုင် ၁၃ ရက်နေ့က ကနေဒါနိုင်ငံ အွန်တေရီယိုမှာ ကုန်ရထားတစ်စီး တောမီးတွေလောင်နေတဲ့ကြားက ဖြတ်မောင်းခဲ့ရပုံကို ရထားမောင်းသူတွေက ရိုက်ကူးမှတ်တမ်းတင်ထားခဲ့တာပါ။ CN Rail ကုမ္ပဏီက သူတို့ အဲဒီလမ်းကြောင်းကို သွားလာမှုရပ်ထားလိုက်ပြီလို့ ဘီဘီစီကို ပြောပါတယ်။ အခုရထားပေါ်ပါတဲ့ အလုပ်သမားတွေလည်း အန္တရာယ်မရှိခဲ့ကြပါဘူး။ ရာသီဥတုပူပြင်းခြောက်သွေ့ပြီး လေပြင်းထန်လို့ အဲဒီဒေသတဝိုက်တောမီးတွေ ပျံ့နှံ့လောင်ကျွမ်းနေပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #ကနေဒါ #တောမီး #သဘာဝဘေး