ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ်းခြေလာသူတွေနား ကပ်ပျံသွားတဲ့ တိုက်လေယာဥ်တွေ
ကမ်းခြေလာသူတွေနား ကပ်ပျံသွားတဲ့ တိုက်လေယာဥ်တွေ
ရေးသားခဲ့သည်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါက ပင်ဆာကိုလာကမ်းခြေမှာ အပန်းဖြေနေသူတွေ အပေါ်နားက ကပ်ပြီး ရေတပ်က Blue Angels တိုက်လေယာဥ်တွေ ပျံသွားလို့ အလန့်တကြား ဖြစ်သွားကြပါတယ်။ အမေရိကန်ရေတပ်တာဝန်ရှိသူတွေကတော့ လေကြောင်းသရုပ်ပြပွဲမှာ ပါဝင်နေတဲ့ လေယာဥ်တွေထဲက တစ်စီးက သတ်မှတ်အမြင့်ထက်နိမ့်ပြီး ပျံခဲ့လို့ ကမ်းခြေလာသူတွေရဲ့ ခုံတွေနဲ့ ထီးတွေ လန်ပျံဖြစ်ကုန်ရတာ သိရှိရပြီး ဖြစ်စဥ်ကို ပြန်သုံးသပ်လေ့လာနေတယ်လို့ ပြောပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #အမေရိကန် #တိုက်လေယာဥ်