ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဆီယံ အထူးသံ မြန်မာနိုင်ငံ လာမယ်
အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်ဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဟာ လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စရပ်တွေ ဆောင်ရွက်နိုင်ဖို့ လာမယ့်လအတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ သိရပါတယ်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အခုနှစ်နောက်ဆုံးသုံးလပတ်အတွင်းလာဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ရက်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးတို့ ထိုင်းနိုင်ငံမှာတွေ့ဆုံခဲ့ပြီးနောက်ပိုင်းထွက်ပေါ်လာတဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ဘယ်လိုသဘောတူညီမှုတွေ ရှိခဲ့လို့ပါလဲ။ လူသားချင်းစာနာမှု အကူအညီပေးရေး ခရီးစဉ်က အာဆီယံနဲ့မြန်မာဆက်ဆံရေးအတွက် ဘယ်လောက်အထိ အရေးပါနိုင်ပါသလဲ။ ဒီအကြောင်း ကိုမောင်က ပြောပြမှာပါ။