အိန္ဒိယရဲက “ပိုးဟပ်ပါတီ” ထောက်ခံသူတွေကို ရိုက်နှက်လူစုခွဲ

ဗီဒီယို ပုံစာ, အိန္ဒိယရဲက “ပိုးဟပ်ပါတီ” ထောက်ခံသူတွေကို ရိုက်နှက်လူစုခွဲ
အိန္ဒိယရဲက “ပိုးဟပ်ပါတီ” ထောက်ခံသူတွေကို ရိုက်နှက်လူစုခွဲ
ရေးသားခဲ့သည်။

အိန္ဒိယမှာ လူငယ်တွေဦးဆောင်ဖွဲ့စည်းထားတဲ့ CJP ပိုးဟပ်ဂျန်တားပါတီထောက်ခံသူ ထောင်ချီပြီး ပါလီမန်ကို ချီတက်လို့ ပညာရေးဝန်ကြီးနုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြတာကို ရဲတွေက ဖြိုခွဲခဲ့တာ တွေ့ရမှာပါ။ လမ်းပေါ်မှာ အရံအတားတွေချ ပိတ်ဆို့ထားတာကို ဆန္ဒပြသူတွေက ဖယ်ရှားချီတက်ကြလို့ ရဲက ကြိမ်တုတ်တွေနဲ့ ရိုက်နှက်တာလည်းတွေ့ရပါတယ်။ စားမေးပွဲမေးခွန်းပေါက်ကြားတယ်ဆိုပြီး ကျောင်းသားတွေနဲ့ လူငယ်တွေက မကျေနပ်ကြလို့ ဆန္ဒပြနေတာပါ။ အစိုးရနဲ့ CJP ပါတီတို့ ညှိနှိုင်းဆွးနွေးနေတယ်လို့ သိရပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #အိန္ဒိယ #ပိုးဟပ်ပါတီ #ကျောင်းသား