မီးခိုးရှုမိတဲ့ခိုလေးကို အောက်ဆီဂျင်ပေး

မီးခိုးရှုမိတဲ့ခိုလေးကို အောက်ဆီဂျင်ပေး
ရေးသားခဲ့သည်။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အုတ်ကလန်မြို့မှာ မီးလောင်နေတဲ့ကားက ထွက်နေတဲ့ မီးခိုးတွေကြားဖြတ်ပျံမိလို့ မူးဝေနေတဲ့ ခိုလေးကို မီးသတ်သမားတွေက အောက်ဆီဂျင်ပေးခဲ့တာ တွေ့ရမှာပါ။ ကားမီးငြှိမ်းပြီးတဲ့အချိန် မီးသတ်သမားတွေ အနားကို ခိုလေးက ကပ်လာပါတယ်။ မီးသတ်သမားတွေက သူတို့မှာပါတဲ့ အောက်ဆီဂျင်နှာခေါင်းဖုံးလေး တပ်ပေးလိုက်တာကို ခိုလေးက ငြိမ်ပြီးရှုနေပါတယ်။ နောက်မိနစ်ပိုင်းကြာတော့ ပျံထွက်သွားခဲ့ပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #တိရစ္ဆာန် #ခို #အမေရိကန်