ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးဒဏ်ရာရသူတွေရှိ

ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးဒဏ်ရာရသူတွေရှိ
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်ထဲက လက်လွှတ်ထားရတဲ့မြို့နယ်တွေကို စစ်တပ်က နှစ်ရက်ဆက်တိုက် လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မကြာခဏဖိတ်ခေါ်နေတဲ့ စစ်တပ်ဟာ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ဧရာဝတီ၊ မကွေးနဲ့ ပဲခူးတိုင်းဘက်နေ တောက်လျှောက်ထိုးစစ်ဆင်နေသလို လေကြောင်းကနေပါ ဆက်တိုက်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။ အကြောင်းစုံကို မတာရာက စုစည်းပြောပြပါမယ်။